Showing posts with label တရားဓမ္မမှတ်စုများ။. Show all posts
Showing posts with label တရားဓမ္မမှတ်စုများ။. Show all posts

(ကျွန်တော်တို့လိုလားတာက)

- ဆေးလိပ်၊အရက်၊ကွမ်း စသည်တို့ကြောင့်
အဖိုးတန်တဲ့လူ့ဘဝ သက်တမ်းတိုတောင်းသွားမှာကို
ကျွန်တော်တို့ မလိုလားပါဘူး။
- အပျော်အပါးလိုက်စားမိလို့ ရလာတဲ့ရောဂါဆိုးကြောင့်
အဖိုးတန်တဲ့လူ့ဘဝ ပျက်ဆီးသွားမှာကို
ကျွန်တော်တို့ မလိုလားပါဘူး။
- ဘူတာဆုံးရင် လမ်းခွဲကြရမယ့်
ချစ်လှစွာသော ဇနီး၊သားသမီးတို့အပေါ်ထားတဲ့
သံယောဇဉ်ကြောင့် အပါယ်ဘဝ ရောက်ရမှာကို
ကျွန်တော်တို့ မလိုလားပါဘူး။
(အသက်ရှည်ရှည်၊ကျန်းကျန်းမာမာ နဲ့
အသေမဦးခင် ဉာဏ်ဦးဖို့ကိုပဲ လိုလားပါတယ်။)

(ဘဝကိုဓမ္မနဲ့တည်ဆောက်)

လူ့ဘဝ ဒုက္ခသစ္စာကို တော်လှန်ပစ်မယ်ဆိုပြီး
ဘဝကို ဓနနဲ့ တည်ဆောက်ဖို့ ကြိုးစားခဲ့တယ်။
တိုင်းတစ်ပါးမှာ အငှားခန္ဓာ မြောင်ရတဲ့အခါ
စိတ်ဓါတ်တွေ အောက်ပြုတ်ကျတော့မှ
ဘဝကို ဓမ္မနဲ့ပါ တွဲပြီးတည်ဆောက်ဖို့
လိုနေပါလားဆိုတာ သိလာခဲ့ရတယ်။

(လူတွေဘယ်လိုသေလဲ)

သေခါနီးလူတွေကို ကျွန်တော် သေသေချာချာ
ထိုင်ကြည့်ဖူးတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့
လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ရပ်ဆိုင်းကုန်တယ်။
မျက်လုံးအလုပ်မလုပ်တော့ရင် မြင်တဲ့စိတ်ပါတစ်ခါတည်းချုပ်တယ်။
နားအလုပ်မလုပ်တော့ရင် ကြားတဲ့စိတ်ပါတစ်ခါတည်းချုပ်တယ်။
အဲ့ဒီလို ရုပ်နှင့်စိတ်တစ်ခုပြီးတစ်ခု ချုပ်သွားပြီး အားလုံးကုန်ရင်
တစ်ဘဝပြီးသွားပြီ။ ဘာဝိဉာဉ်မှမရှိဘူး။
(သေသူရဲ့ ကုသိုလ်၊အကုသိုလ် ကံပေါ်မူတည်ပြီး
ရုပ်သစ်၊နာမ်သစ်နဲ့ ဘဝသစ်တစ်ခု တည်ဆောက်သွားတယ်။
အဲ့ဒီလိုဘဝသစ်တစ်ခု မတည်ဆောက်တော့ရင် နိဗ္ဗာန်ဝင်ပြီ။)

(ပုဂ္ဂိုလ်သတ္တဝါမဟုတ်)

တကယ်တော့ ကျွန်တော်တို့သည် ပုဂ္ဂိုလ်၊သတ္တဝါမဟုတ်ကြပါဘဲနဲ့
ပုဂ္ဂိုလ်၊သတ္တဝါဟု ရှုမြင် သုံးသပ် ဆင်ခြင်နေကြ၍သာ
သေခြင်းတရားကို ခွင့်မလွှတ်နိုင်စရာလို့ ထင်မှတ်နေကြခြင်းဖြစ်ပါသည်။
(Will Durant)

(ဗုဒ္ဓဘာသာသည်အားလုံးအတွက်)

ဗုဒ္ဓဆိုသူက ဗုဒ္ဓဝါဒကိုတီထွင်ခဲ့တာမဟုတ်ဘူး။
ဗုဒ္ဓဘာသာကိုတည်ထောင်ခဲ့တာလည်းမဟုတ်ဘူး။
တိမ်မြုပ်ကွယ်ပျောက်နေတဲ့ အမှန်တရား၊အရှိတရားတွေကိုသာ
ပြန်လည်ဖော်ထုတ်ပေးခဲ့တာဖြစ်တယ်။ ဒါ့ကြောင့်
ဗုဒ္ဓဘာသာ၊ဗုဒ္ဓဝါဒဟာ ဗုဒ္ဓဘာသာဝင်တွေသာ
လိုက်နာလေ့ကျင့်ခွင့်ရှိတဲ့ တရားတွေမဟုတ်ဘူး။

(ရှက်ဖို့ကောင်း)

ရခဲလှတဲ့ လူ့ဘဝကိုလည်း ရခဲ့ပါတယ်။
ဖြစ်ခဲလှတဲ့ ဗုဒ္ဓဘာသာဝင်လည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် သေတဲ့အခါ အပါယ်ကို
ပြန်ခုန်ဆင်းသွားရတယ် ဆိုတာကတော့
တော်တော်ရှက်စရာကောင်းပါတယ်။

(ဖန်ဆင်းရှင်)

ကျွန်တော်တို့တတွေကို တစ်စုံတစ်ယောက်က
ဖန်းဆင်းလိုက်တယ်ဆိုရင် အဲ့ဒီတစ်စုံတစ်ယောက်ကို
မည်သူကဖန်ဆင်းလိုက်ပါသလဲ။
မည်သူကမှသူ့ကိုမဖန်ဆင်းဘူး သူ့ဖာသာသူ
သဘာဝအတိုင်းဖြစ်နေပြီး ထာဝရတည်နေတယ်ဆိုရင်
သူ့လိုပဲ ကျွန်တော်တို့တတွေလည်း
သဘာဝအတိုင်းဖြစ်လာနိုင်ရမှာပေါ့။

(ကံဆိုး၊ကံကောင်း)

ကံဆိုးလိုက်ပုံများ သဲစုမကဘုရားတွေ တစ်ဆူပြီးတစ်ဆူ
ပွင့်သွားတာတောင်မှ မဆုံလိုက်မိတဲ့ကျွန်တော် အပါယ်လေးဘုံမှာ
ချိုးကပ်နေခဲ့ရတာ သေချာပါတယ်။
ကံကောင်းလိုက်ပုံများ လူပြန်ဖြစ်လာတာတောင်မှ
ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးတွေ ပို့ချသွားတဲ့ နိဗ္ဗာန်ရောက်ကြောင်း
သင်ခန်းစာတွေကို မြန်မာလိုအားရပါးရ လေ့လာနိုင်ဖို့
မြန်မာလူမျိုးဖြစ်ရတာကို အရမ်းဝမ်းသာပါတယ်။

(ပထမဖယောင်းတိုင်မီး နှင့် ဒုတိယဖယောင်းတိုင်မီး)

ပထမဖယောင်းတိုင် မီးမငြိမ်းမီ ဒုတိယ ဖယောင်းတိုင်ကို မီးကူးထားသည်။
ခဏကြာတော့ ပထမ ဖယောင်းတိုင် မီးငြိမ်းသွားသည်။
သို့သော် ဒုတိယ ဖယောင်းတိုင်မီးမှာ ဆက်လက်၍ လင်းနေသည်။
ကျန်နေသော ဒုတိယ ဖယာင်းတိုင်မီးမှာ ပထမ ဖယောင်းတိုင်မီးမဟုတ်ပါ။
ပထမ ဖယောင်းတိုင်မီး မရှိဘဲ ဒုတိယ ဖယောင်းတိုင်မီး ဖြစ်မလာနိုင်ပါ။
ဒုတိယ ဖယောင်းတိုင်မီး နှင့် ပထမ ဖယောင်းတိုင်မီးသည် အကြောင်းတရားမကင်းပါ။

(သေခြင်းတရား)

သေခြင်းတရားသာမရှိရင် ဒီလောကဟာ
လူပြည့်နေတဲ့ လူအိုရုံကြီးတစ်ခုလိုဖြစ်လာပြီး
နောက်ထပ်မွေးဖွားလာတဲ့ လူသစ်တွေအတွက်
နေစရာနေရာကို ရှိတော့မှာမဟုတ်ပါဘူး။

(ဦးဆန်းလွင်)

(သာသနာနှင့်တွေ့ရခိုက်)

ဘုရားသာသနာတော်တွင်းမှာလူဖြစ်ပါလျက် ၀ိပဿနာကုသိုလ်မှရမသွားဘူးဆိုရင်
သာသနာတော်နှင့် တွေ့ရကျိုးမနပ်ဘူး။ ဘာကြောင့်လဲဆိုတော့
ဒါန၊ သီလ၊ သမထ ကုသိုလ်ဆိုတာတွေက သာသနာပမှာလည်းရှိတယ်။
၀ိပဿနာကတော့ သာသနာပမှာမရှိဘူး။---- ဒါ့ကြောင့်ပါပဲ။


(မဟာစည် ဆရာတော်ဘုရားကြီး)

(ညစ်ညူးသောကံလေးပါးကိုပယ်အပ်သည်)

(က) သူ့အသက်ကိုသတ်ခြင်း။
(ခ) မပေးသည်ကိုခိုးယူခြင်း။
(ဂ) ကာမဂုဏ်တို့၌မှားယွင်းစွာကျင့်ခြင်း။
(ဃ) မဟုတ်မမှန်ပြောဆိုခြင်း။
(သိင်္ဂါလောဝါဒသုတ် မြန်မာပြန်မှကောက်နှုတ်သည်။)

(အောက်ပါအကြောင်း(၄)ပါးဖြင့်မကောင်းမှုကိုမပြုအပ်)

(က) ဆန္ဒာဂတိ=ချစ်သဖြင့်မလိုက်အပ်။
(ခ) ဒေါသာဂတိ=မုန်းသဖြင့်မလိုက်အပ်။
(ဂ) ဘယာဂတိ=ကြောက်သဖြင့်မလိုက်အပ်။
(ဃ) မောဟာဂတိ=မသိသဖြင့်မလိုက်အပ်။
(ဂတိလေးပါး)

(စည်းစိမ်ပျက်ခြင်းအကြောင်းခြောက်ပါး)

သေစာသောက်စား၊လမ်းသွားခါမဲ့၊
ရှုငဲ့သဘင်၊ပျော်ရွှင်အံလောင်း၊
မကောင်းမိတ်ဖျင်း၊ပျင်းရိခြင်းကား၊
ယိုယွင်းဥစ္စာပျက်ကြောင်းတည်း။


(၁) မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်ကိုသောက်လေ့ရှိခြင်းသည် စည်းစိမ်ပျက်ခြင်းအကြောင်းတစ်ပါး။
(၂) အချိန်အခါမဲ့ညအခါ ခရီးသွားလာလေ့ရှိခြင်းသည် စည်းစိမ်ပျက်ခြင်းအကြောင်းတစ်ပါး။
(၃) ပွဲလမ်းသဘင်ကြည့်ရှုလေ့ရှိခြင်းသည် စည်းစိမ်ပျက်ခြင်းအကြောင်းတစ်ပါး။
(၄) မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်းသည် စည်းစိမ်ပျက်ခြင်းအကြောင်းတစ်ပါး။
(၅) မကောင်းသောအဆွေခင်ပွန်းတို့နှင့်ပေါင်းသင်းလေ့ရှိခြင်းသည် စည်းစိမ်ပျက်ခြင်းအကြောင်းတစ်ပါး။
(၆) ပျင်းရိလေ့ရှိခြင်းသည် စည်းစိမ်ပျက်ခြင်းအကြောင်းတစ်ပါး။
(သိင်္ဂါလောဝါဒ သုတ်တော်မြန်မာပြန်မှကောက်နှုတ်သည်။)

(၀ဇီရပါကာရပုတီးစိပ်နည်း)

သောဘဂဝါ ဣတိပိ အရဟံ
အရဟံ ၀တ သောဘဂဝါ
အရဟန္တံ သရဏံ ဂစ္ဆာမိ
အရဟန္တံ သိရသာ နမာမိ
ပဌမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ အရဟံ။

(အရဟံနေရာတွင် ကျန်ဂုဏ်တော်များကို အစားထိုးပါ။)
(ပဌမောနေရာတွင် =ဒုတိယော၊တတိယော၊စတုတေ္ထာ၊
ပဥ္စမော၊ဆဌမော၊သတ္တမော၊အဌမော၊နဝမော ဟုအစားထိုးပါ။)

ဂုဏ်တော်၉ပါးလုံးကို ထိုကဲ့သို့စီစဉ်လျှက်စိပ်ပါ။

(မူလမူလီပုတီးစိပ်နည်း)

ဂုဏ်တော်တစ်ပါးကိုမူလထား၍ ကျန်ဂုဏ်တော်၈ပါးကိုမူလီသတ်မှတ်၍ စိပ်နည်းဖြစ်သည်။
မူလီသွပ်သောအခါ မူလထားသောဂုဏ်တော်ကို ကျော်ပြီးချန်ခဲ့ရသည်။
စိပ်နည်းပုံစံမှာ--
(၁)အရဟံမူ=သောဘဂဝါ ဣတိပိ အရဟံ၊သမ္မာသမ္ဗုဒေ္ဓါ၊
သု၊လော၊အ၊သ၊ဗု၊ဘ

(၂)သမ္မာသမ္ဗုဒေ္ဓါမူ=သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒေ္ဓါ၊သောဘဂဝါ ဣတိပိ အရဟံ၊
၀ိ၊သု၊လော၊အ၊သ၊ဗု၊ဘ

စသည်ဖြင့် ဂုဏ်တော်၉ပါးလုံးကို ထိုကဲ့သို့စီစဉ်လျှက် စိပ်ပါ။

(သီဟဂတိပုတီးစိပ်နည်း)

သီဟဂတိပုတီးစိပ်နည်းဆိုသည်မှာ
ဂုဏ်တော်တစ်ပါးစီတိုး၍တိုး၍ စိပ်သည်။ဂုဏ်တော်တစ်ပါးတိုးတိုင်းတိုးတို်င်း
အစသို့တစ်ခေါက်တစ်ခေါက် ပြန်ဆင်း၍ စိပ်နည်းဖြစ်သည်။
စိပ်နည်းပုံစံမှာ-
(၁)သောဘဂဝါ ဣတိပိ အရဟံ။

(၂)သောဘဂဝါ ဣတိပိ အရဟံ၊သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒေ္ဓါ။
သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒေ္ဓါ၊သောဘဂဝါ ဣတိပိ အရဟံ။

(၃)အ၊သံ၊၀ိ
၀ိ၊သံ၊အ

(၄)အ၊သံ၊၀ိ၊သု
သု၊၀ိ၊သံ၊အ

(၅)အ၊သံ၊၀ိ၊သု၊လော
လော၊သု၊၀ိ၊သံ၊အ

စသည်ဖြင့် ဂုဏ်တော်၉ပါးလုံးကို ထိုကဲ့သို့ စီစဉ်၍ စိပ်ပါ။

(အနုလုံ၊ပဋိလုံပုတီးစိပ်နည်း)

အစမှအဆုံး အဆုံးမှအစ ပုတီးစိပ်နည်းကို အနုလုံ၊ပဋိလုံ ပုတီးစိပ်နည်းဟုခေါ်သည်။

သောဘဂဝါ ဣတိပိ အရဟံ
သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒေ္ဓါ
သောဘဂဝါ ဣတိပိ ၀ိဇ္ဇာစရဏ သမ္ပနေ္နာ
သောဘဂဝါ ဣတိပိ သုဂတော
သောဘဂဝါ ဣတိပိ လောကဝိဒူ
သောဘဂဝါ ဣတိပိ အနုတ္တရောပုရိသ ဓမ္မသာရထိ
သောဘဂဝါ ဣတိပိ သတ္တာဒေဝ မနုဿာနံ
သောဘဂဝါ ဣတိပိ ဗုဒေ္ဓါ
သောဘဂဝါ ဣတိပိ ဘဂဝါ

(၎င်းအစီစဉ်အတိုင်းကို အစမှအဆုံး အနုလုံနှင့် အဆုံးမှအစ ပဋိလုံ စိပ်ပါ။)

(ရှင်အရဟံပုတီးစိပ်နည်း)

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊နာမရူပံ အနိစ္စံ၊ဒုက္ခံ၊အနတ္တာ။
ဓမ္မံ သရဏံ ဂစ္ဆာမိ၊နာမရူပံ အနိစ္စံ၊ဒုက္ခံ၊အနတ္တာ။
သံဃံ သရဏံ ဂစ္ဆာမိ၊နာမရူပံ အနိစ္စံ၊ဒုက္ခံ၊အနတ္တာ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဓမ္မံ သရဏံ ဂစ္ဆာမိ၊သံဃံ သရဏံဂစ္ဆာမိ၊
နာမရူပံ အနိစ္စံ၊ဒုက္ခံ၊အနတ္တာ။

အနန္တံ ဗလဝံ ဗုဒ္ဓံ၊ အနန္တံ ဂေါစရံ ဓမ္မံ၊
အနန္တံ အရိယံ သံဃံ၊အနန္တံ ဗေါဓိ မုတ္တမံ။

(၎င်းဂါထာဖြင့် စိပ်နည်းသည် ရှင်အရဟံပုတီးစိပ်နည်း ဖြစ်ပေသည်။)

(ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း)

ဂုဏ်တော်တစ်ပါးတည်းကို၁၀၀၀ပြည့်အောင်စိပ်ခြင်း(သို့)
ဂုဏ်တော်၉ပါးလုံးကို၁၀၀၀ပြည့်အောင်စိပ်ခြင်း။

စိပ်နည်း(၁)သောဘဂဝါ ဣတိပိ အရဟံ=ပုတီးတစ်လုံး(မှ)
သောဘဂဝါ ဣတိပိ ဘဂဝါ=ပုတီးတစ်လုံး(ထိ)စိပ်ပါ။
(ပုတီး၉ပတ်ပြည့်သောအခါ ဂုဏ်တော်၁၀၀၀ကိုရသည်။)

စိပ်နည်း(၂)သောဘဂဝါ ဣတိပိ အရဟံ=ပုတီးတစ်ပတ်(မှ)
သောဘဂဝါ ဣတိပိ ဘဂဝါ=ပုတီးတစ်ပတ်(ထိ)စိပ်ပါ။
(ဂုဏ်တော်၉ပါး ၉ပတ်ပြည့်သောအခါ ဂုဏ်တော်၁၀၀၀ကိုရသည်။)

စိပ်နည်း(၃)သောဘဂဝါ ဣတိပိ အရဟံမှဘဂဝါ ထိ=ပုတီးတစ်လုံး စိပ်ပါ။
(၁၀၈လုံးပုတီးတစ်ပတ်ပြည့်သောအခါ ဂုဏ်တော်၁၀၀၀ကိုရသည်။)

မှတ်ချက်။ ။ဂုဏ်တော်၉၇၂ပါးကိုပင်လျှင် ဂုဏ်တော်၁၀၀၀ဟုခေါ်ဆိုခြင်းဖြစ်သည်။
----------------------------------------------------------------------------------