(လူတွေဘယ်လိုသေလဲ)

သေခါနီးလူတွေကို ကျွန်တော် သေသေချာချာ
ထိုင်ကြည့်ဖူးတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့
လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ရပ်ဆိုင်းကုန်တယ်။
မျက်လုံးအလုပ်မလုပ်တော့ရင် မြင်တဲ့စိတ်ပါတစ်ခါတည်းချုပ်တယ်။
နားအလုပ်မလုပ်တော့ရင် ကြားတဲ့စိတ်ပါတစ်ခါတည်းချုပ်တယ်။
အဲ့ဒီလို ရုပ်နှင့်စိတ်တစ်ခုပြီးတစ်ခု ချုပ်သွားပြီး အားလုံးကုန်ရင်
တစ်ဘဝပြီးသွားပြီ။ ဘာဝိဉာဉ်မှမရှိဘူး။
(သေသူရဲ့ ကုသိုလ်၊အကုသိုလ် ကံပေါ်မူတည်ပြီး
ရုပ်သစ်၊နာမ်သစ်နဲ့ ဘဝသစ်တစ်ခု တည်ဆောက်သွားတယ်။
အဲ့ဒီလိုဘဝသစ်တစ်ခု မတည်ဆောက်တော့ရင် နိဗ္ဗာန်ဝင်ပြီ။)