(ပစ္စုပ္ပန်ကိုတည့်တည့်ရှုကြပါ)

ဖြစ်ပြီးအဟောင်း၊တိတ်ဇာတ်ကြောင်းကို
ပြန်ပြောင်းစဉ်းစား၊မငြီးတွားနှင့်။
နောင်ခါဖြစ်လတ်၊အနာဂတ်ကို
ဇာတ်ကြောင်းတွေးတော၊စိတ်မမောနှင့်။
ဖြစ်ဆဲဧကန်၊ပစ္စုပ္ပန်ကို
ဝေဖန်ညဏ်ရှု၊စဉ်းစားမှုဖြင့်
ပူမှုကင်းစွာနေစမ်းပါလော့။
သို့ပါလေမှ၊သင့်ဘဝ၀ယ်
ဒုက္ခကင်းစွာ၊ချမ်းသာလာလိမ့်။

(ဓမ္မဒူတဆရာတော်ဘုရားကြီးဆုံးမစာ)