(ဤအချက်များကိုလိုက်နာပြုကျင့်အပ်သည်)

(ငြိမ်းအေးသောနိဗ္ဗာန်ကိုဉာဏ်ဖြင့်သက်ဝင်၍ အကျိုးစီးပွား၌လိမ္မာသောသူသည်
မေတ္တာသုတ်တော်လာ အောက်ပါအကျင့်ကောင်းများကို လိုက်နာပြုကျင့်အပ်သည်။)

(၁)ကျင့်စွမ်းနိုင်ရမည်။
(၂)ကိုယ်နှုတ်ဖြောင့်မတ်ရမည်။
(၃)စိတ်နေစိတ်ထားကောင်းစွာဖြောင့်မတ်ရမည်။
(၄)ဆိုဆုံးမလွယ်ရမည်။
(၅)စိတ်ထားနူးညံ့သိမ်မွေ့ရမည်။
(၆)လွန်ကဲတက်ကြွသောမာန်မာနမရှိရာ။
(၇)ပစ္စည်းလေးပါး၌ရောင့်ရဲလွယ်ရမည်။
(၈)မွေးမြူလွယ်ရမည်။(သူတစ်ပါးအပြုစုမခက်စေရ)။
(၉)အမှုကိစ္စနည်းပါးရမည်။
(၁၀)၀န်ကျဉ်းပေါ့ပါးသောအသက်မွေးမှုရှိရမည်။
(၁၁)ငြိမ်သက်သောအိနေ္ဒြှိရမည်။
(၁၂)ရင့်ကျက်သောပညာရှိရမည်။
(၁၃)ကိုယ်၊နှုတ်၊နှလုံးကြမ်းတမ်းခြင်းမရှိရာ။
(၁၄)ဒါယကာတို့၌တက်မက်မှုကင်းရမည်။
(ဒကာစွဲ၊ဆရာစွဲ၊လူမျိုးစွဲကင်းရမည်။)
(၁၅)ပညာရှိတို့ကဲ့ရဲ့စွပ်စွဲနိုင်မည့်ဒုစရိုက်မျိုးကိုအနည်းငယ်သော်မျှမပြုရာ။

-ခပ်သိမ်းသောသတ္တဝါတွေချမ်းသာကြပါစေ။
-ခပ်သိမ်းသောသတ္တဝါတွေဘေးရန်ကင်းကြပါစေ။
-ခပ်သိမ်းသောသတ္တဝါတွေကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။

(သူတော်ကောင်းတို့လိုက်နာကျင့်ကြံကြရမည့် မေတ္တာသုတ်တော်လာတရားတော်ဖြစ်သည်။)