(သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားများ)

(၁)လူမိုက်တို့ကိုမပေါင်းမသင်းရှောင်ခွာခြင်း။
(၂)ပညာရှိသူတော်ကောင်းတို့ကိုပေါင်းသင်းဆည်းကပ်ခြင်း။
(၃)ပူဇော်ထိုက်သူတို့ကိုပူဇော်ခြင်း။

(၄)သင့်လျော်သောအရပ်၌နေခြင်း။
(၅)ရှေးဘဝကပြုခဲ့ဖူးသောကောင်းမှုရှိခြင်း။
(၆)ကိုယ်စိတ်နှစ်ပါးကိုကောင်းစွာစောင့်ရှောက်ခြင်း။

(၇)အကြားအမြင်များခြင်း။
(၈)လက်မှုပညာတတ်မြောက်ခြင်း။
(၉)ကိုယ်ကျင့်သီလကိုသင်ခြင်း၊ကျင့်ခြင်း။
(၁၀)စကားကိုကောင်းမွန်စွာပြောဆိုခြင်း။

(၁၁)အမိကိုလုပ်ကျွေးပြုစုခြင်း။
(၁၂)အဘကိုလုပ်ကျွေးပြုစုခြင်း။
(၁၃)သားမယားကိုချီးမြောက်ထောက်ပံ့ခြင်း။
(၁၄)တစ်ဖက်သားအားမထိခိုက်သောအလုပ်မိျုးကိုလုပ်ခြင်း။

(၁၅)ပေးကမ်းလှူဒါန်းခြင်း။
(၁၆)သုစရိုက်(၁၀)ပါးဟူသောမြတ်သောအကျင့်ကိုကျင့်ခြင်း။
(၁၇)ဆွေမိျုးတို့အားထောက်ပံ့ခြင်း။
(၁၈)အပြစ်မရှိသောအလုပ်တို့ကိုလုပ်ခြင်း။

(၁၉)မကောင်းမှုကိုစိတ်ဖြင့်ရှောင်ကြဉ်ခြင်း၊
ကိုယ်နှုတ်ဖြင့်ရှောင်ကြဉ်ခြင်း။
(၂၀)အရက်သေစာတို့ကိုမသောက်စားခြင်း။
(၂၁)ကုသိုလ်ကောင်းမှုဟူသမျှတို့ကိုမမေ့မလျော့ဆောင်ရွက်ခြင်း။

(၂၂)ရိုသေထိုက်သူကိုရိုသေခြင်း။
(၂၃)မိမိကိုယ်ကိုနှိမ့်ချခြင်း။
(၂၄)တင်းတိမ်ရောင့်ရဲလွယ်ခြင်း။
(၂၅)ကျေးဇူသိတတ်ခြင်း။
(၂၆)တရားနာခြင်း။

(၂၇)သည်းခံခြင်း။
(၂၈)ဆုံးမစကားကိုနာယူလွယ်ခြင်း။
(၂၉)သူတော်ကောင်းရဟန်းတို့အားဖူးမြင်ခြင်း။
(၃၀)တရားဆွေးနွေးမေးမြန်းခြင်း။

(၃၁)ခြိုးခြံစွာကျင့်ခြင်း။
(၃၂)သမထ၊၀ိပဿနာဟူသောမြတ်သောအကျင့်ကိုကျင့်ခြင်း။
(၃၃)အရိယာသစ္စာတရားကိုသိမြင်ခြင်း။
(၃၄)နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း။

လောကဓံ(၈)ပါးနှင့်တွေ့ကြုံရသောရဟန္တာအရှင်သူမြတ်ဧ။်စိတ်သည်
(၃၅)တုန်လှုပ်ခြင်းမရှိ။
(၃၆)စိုးရိမ်ခြင်းမရှိ။
(၃၇)တွယ်တာခြင်းမရိှ။
(၃၈)ဘေးရန်မရှိ။

(၃၈-ဖြာမင်္ဂလာတရားများ မြန်မာပြန် ပြီးပြီ။)