၁။ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
၂။ ရခဲလှတဲ့ လူ.ဘဝကို အလွဲသုံးစား အချိန်တွေ မဖြုန်းလိုက်ပါနဲ.။
၃။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၄။ သက်တမ်းတိုတဲ့ ဘဝကလေးမှာ တရားအားမထုတ်ဘဲ အချောင်ခိုနေရင် အသေစောက ကိုယ်ကျိုး နည်းလိမ့်မည်။
၅။ မနေ.ကထက် ယနေ. သေဖို. တစ်ရက်နီးသွားပြီ။
၆။ မမျှော်လင့်ဘဲ ဖြုန်းခနဲ နာလည်းနာနိုင်သည်။ သေလည်း သေနိုင်သည်။
၇။ ခန္ဓာ၏ ဝတ္တရားက အသေရှာတာ၊ ဉာဏ်၏ ဝတ္တရားက အသေရှောင်တာ။
၈။ အသေမဦးမီ ဉာဏ်ဦးစီးပြီး ဝိပဿနာတရား အားထုတ်ပါ။
၉။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿန်မရောက်ခင် မဂ္ဂင်အလုပ် အမြန်လုပ်ပါ။
၁၀။ သာသနာနဲ.ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေး တရားပေါ်မယ်။
၁၁။ ကိစ္စဟူသရွေ. မဂ်တား- ဖိုလ်တားလို. မှတ်ပါ။
၁၂။ တဏှာ- လောဘ ခိုင်းတာလုပ်နေလျှင် သေတဲ့အခါ အပါယ်ရောက်မယ်။
၁၃။ အဝိဇ္ဇာ - တဏှာ ကိန်းလာရင် အရှက်အကြောက် မရှိတော့ဘူး။
၁၄။ အလကားနေသရွေ.၊ အအားနေသရွေ. အမှားနဲ.နေခြင်းလို. မှတ်ပါ။
၁၅။ တဏှာကို အဖော်မလုပ်ဘဲ ဉာဏ်ကို အဖော်လုပ်ပါ။
၁၆။ ရက်ရာဇာ၊ ပြဿဒါး ရက်မရွေးနဲ.၊ သူတော်ကောင်း အလုပ် လုပ်နေတဲ့ အချိန်ဟာ မင်္ဂလာအချိန်လို. မှတ်ပါ။
၁၇။ ကိုယ့်ကိုယ်ကို သနားရင် ဝိပဿနာလုပ်ကြ၊ ကိုယ့်ကိုယ်ကို မသနားရင် သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ကြ။
၁၈။ သစ္စာတရားကို နာမှ သိမယ်၊ သိမှ ကျင့်မယ်။
၁၉။ နားက တရားကိုနာပါ၊ ဉာဏ်က ခန္ဓာကို လှည့်ပါ။
၂၀။ နိဗ္ဗာန်သည် ကံ၏ အကျိုးမဟုတ်၊ ဉာဏ်၏ အကျိုးသာ ဖြစ်တယ်။
၂၁။ တရားနာနေသည့် အချိန်ဟာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။
၂၂။ မိမိခန္ဓာရဲ. အရှိဖြစ်ပျက်ကို အသိမဂ်နဲ. တကယ်သိအောင်လုပ်ပါ။
၂၃။ ရှေ.စိတ်ကို နောက်စိတ်က ကြည့်တာ ဝိပဿနာ။
၂၄။ တစ်(၁) စိတ်ကို နှစ်(၂) စိတ်နဲ.ကြည့်တာ ဝိပဿနာ။
၂၅။ ရှေ.အသေကို နောက်အသေနဲ.ကြည့်တာ ဝိပဿနာ။
၂၆။ အရှိကို အသိလိုက်တာ ဝိပဿနာ။
၂၇။ ရှေ.က ဖြစ်ပျက်ပြီးတာ အနိစ္စ၊ နောက်က ပျက်မှန်းသိတာ မဂ္ဂ။
၂၈။ အရှိက ဖြစ်ပျက်ဓမ္မ၊ အသိကတော့ မဂ္ဂ။
၂၉။ ခန္ဓာက လောင်စာ၊ ဇရာ မရဏက မီး။
၃၀။ ဘယ်ခန္ဓာရရ၊ လောင်စာနဲ.မီး တွဲလျက်ကြီး။
၃၁။ လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်။
၃၂။ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းတာ နိဗ္ဗာန်။
၃၃။ ကိလေသာ အပူဓာတ်တွေ အေးငြိမ်းတာ နိဗ္ဗာန်။
၃၄။ ခန္ဓာက အနိစ္စ၊ တွေ.တာက မဂ္ဂ၊ သေတာက သမုဒယ၊ ဆိုက်ရောက်တာက နိရောဓ။
၃၅။ ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်၊ သင်္ခါရကို ငါကောင်ထင် ခင်မင် သမုဒယ၊ ရုပ်နာမ် အားလုံး ဖြစ်ပျက်သုဉ်း ချုပ်ဆုံး နိဗ္ဗာန်မှတ်၊ ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင် သိမြင် မဂ်ဟုမှတ်။