(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ဆုံးမစာ)

အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲမသွေ တည်ရှိနေသို့
ထိုထိုသွေးသား ကလေးများသို့
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခပ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓဝါဒီ စွဲ၍တည်မည်
ကိုယ်စီတံဆိပ် ခပ်နှိပ်သောဝ်။ ။