(၃၈ ဖြာမင်္ဂလာတရားတော်ကဗျာများ)

(၁)
လူမိုက်ဆိုလျှင်၊ ရှောင်သွေလဲွှလို့
မမီှဝဲနှင့်၊ ကင်းအောင်နေ။
ပညာရိှကို၊ အရှည်တွဲလို့
မီှဝဲဆည်းကပ်၊ နည်းယူစေ။
သုံးပါးရတနာ၊ မိဘများနှင့်
ဆရာသမားကို၊ ပူဇော်လေ။
ချမ်းသာကိုပေး၊ ဆက်ဆံရေး
မျှော်တွေးသုံးချက်ပေ။
အဲဒါမှ(ဗုဒ္ဓဝါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၂)
ကုသိုလ်ပညာ၊ ဥစ္စာရဖို့
သင့်ရာဒေသ၊ အမြဲနေ။
ရှေးကတင်ကူး၊ ပြုခဲ့ဖူးသည့်
ကောင်းမှုအထူး၊ ရိှပါစေ။
မိမိကိုယ်ကို၊ ကောင်းအောင်ထိန်းလို့
မတိမ်းစေနှင့်၊ ဆောက်တည်လေ။
ဥစ္စာကိုပေး၊ နေထိုင်ရေး
မျှော်တွေးသုံးချက်ပေ။
အဲဒါမှ(ဗုဒ္ဓဝါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၃)
တတ်ကောင်းတတ်ရာ၊ ဟူသမျှကို
ကြား, မြင်, သုတ၊ ရိှပါစေ။
အိုးအိမ်တည်ထောင်၊ ၀မ်းစာရေးနှင့်
အသက်မွေးဖို့၊ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ၊ ကျင့်ဝတ််များကို
ကောင်းစွာသင်ကြား၊ နားလည်စေ။
မှန်ကန်ယဉ်ကျေး၊ ချိုသာအေး
ဆိုရေးတတ်ပါစေ။
အဲဒါမှ(ဗုဒ္ဓဝါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၄)
မြင်းမိုရ်ရွှေတောင်၊ မိဘ, ကြွေးကို
ကောင်းစွာဆပ်ပေး၊ ၀တ်ကျေကျေ။
ကြွေးသစ်ချကာ၊ သားနှင့်မယားကို
မြှောက်စားချီးမြှင့်၊ ၀တ်ကုန်စေ။
အလုပ်တာဝန်၊ မလစ်ဟင်းနဲ့
အပြစ်ကင်းအောင်၊ လုပ်ပါလေ။
စည်းစိမ်ကိုပေး၊ ပြုစုရေး
မျှော်တွေးသုံးချက်ပေ။
အဲဒါမှ(ဗုဒ္ဓဝါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၅)
သုံးတန်စေတနာ၊ ဖြူစင်လန်းလို့
ပေးကမ်းဝေငှ၊ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ၊ မမိုက်မှားန့ဲ
သုစရိုက်တရားကို၊ ကျင့်ပါလေ။
ဆွေမျိုးတွေကို၊ပစ်မထားနဲ့
သင်္ဂဟတရားနှင့်၊ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး၊ လူထုအကျိုး
သည်ပိုးဆောင်ရွက်စေ။
အဲဒါမှ(ဗုဒ္ဓဝါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၆)
မကောင်းမှုတွေ၊ ဟူသမျှကို
မတွေ့ခင်က၊ ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင်၊ မလွန်ကျူးနဲ့
အထူးသဖြင့်၊ စောင့်စည်းနေ။
အရက်သေစာ၊ မသောက်စားနဲ့
မှောက်မှားတတ်တဲ့၊ အရာပေ။
လုပ်ကိုင်ပြောကြား၊ သတိထား
တရားမမေ့စေ။
အဲဒါမှ(ဗုဒ္ဓဝါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၇)
အသက်ဂုဏ်ဝါ၊ ကိုယ့်ထက်ကြီးက
ဆည်းကပ် ခစား၊ ရိုသေလေ။
မာနတံခွန်၊ ဂုဏ်မကြွနှင့်
ကိုယ့်ကိုနိှမ့်ချ၊ အမြဲနေ။
လောဘအပို၊ လိုမလိုက်နဲ့
ကိုယ်ထိုက်တာနဲ့၊ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး၊ သူ့ကျေးဇူး
အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား၊ မြတ်တရား
နာကြားမပြတ်ပေ။
အဲဒါမှ(ဗုဒ္ဓဝါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၈)
စားဝတ်နေထိုင်၊ ရန်ခပ်သိမ်း
စိတ်ကိုချုပ်ထိန်း၊ သည်းခံလေ။
ကျိုးကြောင်းပြညွှန်၊ ဆုံးမစကားကို
ပြောကြားလာက၊ နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ်၊ ဟူသမျှကို
မကြာခဏ၊ တွေ့ဆုံလေ။
သဘာဝတွေး၊ မှန်ကန်ရေး
ဆွေးနွေးမပြတ်ပေ။
အဲဒါမှ(ဗုဒ္ဓဝါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၉)
လောကီအာရုံ၊ ဇိမ်ယစ်မူးလို့
ပျော်မကြူးနဲ့၊ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ်၊ လက်ကိုင်သုံးလို့
သူမြတ်ကျင့်ထုံး၊ ယွင်းမသွေ။
လေးပါးသစ္စာ၊ ဉာဏ်မြင်ကြည့်လို့
အမှန်သိအောင်၊ ကြိုးစားလေ။
ဒုက္ခလွတ်ကင်း၊ နိဗ္ဗာန်ချဉ်း
အလင်းပေါက်နိုင်စေ။
အဲဒါမှ(ဗုဒ္ဓဝါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၁၀)
ဆင်းရဲချမ်းသာ၊ သဘာဝကို
တွေ့ကြုံနေကျ၊ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန်၊ အစုံတွဲလို့
တလှည့်စီလဲ၊ အမြဲနေ။
လောကဓံကြုံ၊ မဖြုံတမ်းပေါ့
မတုန်လှုပ်စမ်းနဲ့၊ စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း
အေးငြိမ်းချမ်းသာနေ။
အဲဒါမှ(ဗုဒ္ဓဝါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၁၁)
သုံးဆယ့်ရှစ်ဖြာ၊ မင်္ဂလာကုံးကို
လိုက်နာကျင့်သုံး၊ ပန်သူတွေ။
စီးပွားချမ်းသာ၊ ကျက်သရေတိုးလို့
ကောင်းကျိုးစည်ပွင့်၊ တဝေဝေ။
ဘေးရန်ကင်းကွာ၊ ချစ်သူပေါလို့
စိတ်ရောကိုယ်ရော၊ ချမ်းသာမလေ။
ပြောဆိုကြံဆ၊ ဆောင်သမျှ
အောင်ရမည်ကိန်းသေ။
အဲဒါကြောင့် ပန်ကြ, ဆင်ကြ, (မင်္ဂလာ့) ပန်းခိုင်တွေ။

(၁၁)
သုံးဆယ့်ရှစ်ဖြာ၊ မင်္ဂလာတရားကို
ပျက်ပြားနေကြ၊ ကမ္ဘာ့မြေ။
ဟိုတိုင်း ဒီပြည်၊ ရန်စစ်ခင်းလို့
လူနှင့်လူချင်း၊ သတ်ကာနေ။
ငြိမ်းချမ်းပါစေ၊ အာသီသန့ဲ
စွမ်းနိုင်ရာက၊ ကူညီသလေ။
သုံးဆယ့်ရှစ်ပါး၊ မင်္ဂလာတရား
ရေးသားဖြန့်ကာဝေ။
အဖိုးတန်တ့ဲ(ဗုဒ္ဓဝါဒ)ကမ္ဘာက သိပါစေ။