(လယ်တီ ဓမ္မကဗျာ)

တနေကွယ် သေနယ်သို့တခါကူး
မေ့လျော့ကာသေဘူးထင်နဲ့
နေကွယ်တာအကြိမ်များလျှင်
သေနယ်ရွာတစ်ကြိမ်သွားရမယ်
တားမရဘူး။ ။

(လယ်တီဆရာတော်ဘုရားကြီး)