(မေတ္တာပွားကြရအောင်)

-မေတ္တာပွားလျှင်ရမည့်အကျိုးကတော့(၁၁)ပါးရှိပါတယ်။
-အိပ်သော်ချမ်းသာ၊နိုးခါသုခ၊မြတ်လှအိမ်မက်၊
နှစ်သက်သူတို့၊နတ်တို့ချစ်ခင်၊မီးရေမဖျက်၊
ငြိမ်သက်တည်ကြည်၊ရွှင်ကြည်မျက်နှာ၊သေခါမမှိုင်၊
ဗြဟ္မာတိုင်းသား(၁၁)ပါးကိုကျမ်းဂန်ဆိုသည်။
ဗိုလ်လူအများမေတ္တာပွား။ ။
------------------------------------------------------
မေတ္တာသုတ်တော်ကိုမင်းကွနး်ဆရာတော်ဘုရာကြီးက
မြန်မာပြည်သူပြည်သားများလွယ်ကူစွာမေတ္တာပွားနိုင်ကြစေရန်
အလို့ငှာလင်္ကာလေးအဖြစ်သီကုံးခဲ့ပါတယ်။ ။
ပွားနည်းလင်္ကာလေးကိုအောက်မှာဖော်ပြထားပါတယ်။ ။

-လုံးစုံများစွာ၊သတ္တဝါ၊ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး၊ကင်းစင်ဝေး၊ငြိမ်းအေးကြပါစေ။
-ကြောက်တတ်မကြောက်တတ်၊နှစ်ရပ်များစွာသတ္တဝါ၊ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး၊ကင်းစင်ဝေး၊ငြိမ်းအေးကြပါစေ။
-မြင်အပ်မမြင်အပ်၊နှစ်ရပ်များစွာ၊သတ္တဝါ၊ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး၊ကင်းစင်ဝေး၊ငြိမ်းအေးကြပါစေ၊
-ဝေးနေနီးနေ၊နှစ်ထွေများစွာ၊သတ္တဝါ၊ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး၊ကင်းစင်ဝေး၊ငြိမ်းအေးကြပါစေ။
-ဘဝဇာတ်ဆုံး၊မဆုံးများစွာ၊သတ္တဝါ၊ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး၊ကင်းစင်ဝေး၊ငြိမ်းအေးကြပါစေ။
-ရှည်တိုအလတ်၊သုံးရပ်ခန္ဓာ၊သတ္တဝါ၊ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး၊ကင်းစင်ဝေး၊ငြိမ်းအေးကြပါစေ။
-ကြီးငယ်အလတ်၊သုံးရပ်ခန္ဓာ၊သတ္တဝါ၊ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး၊ကင်းစင်ဝေး၊ငြိမ်းအေးကြပါစေ။
-စူကြုံအလတ်၊သုံးရပ်ခန္ဓာ၊သတ္တဝါ၊ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး၊ကင်းစင်ဝေး၊ငြိမ်းအေးကြပါစေ။
-လူအချင်းချင်း၊လှည့်ပတ်ခြင်း၊ကင်းရှင်းကြပါစေ။
-အထင်သေးခြင်း၊အချင်းချင်း၊ကင်းရှင်းကြပါစေ။
-ဆင်းရဲလိုခြင်း၊အချင်းချင်း၊ကင်းရှင်းကြပါစေ။

(တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဘိဓဇမဟာရဌဂုရု ဘဒ္ဒ န္တဝိစိတ္တသာရာဘိ၀ံသ မင်းကွန်းဆရာတော်ဘုရားကြီး)