(ကျွန်တော်တို့လိုလားတာက)

- ဆေးလိပ်၊အရက်၊ကွမ်း စသည်တို့ကြောင့်
အဖိုးတန်တဲ့လူ့ဘဝ သက်တမ်းတိုတောင်းသွားမှာကို
ကျွန်တော်တို့ မလိုလားပါဘူး။
- အပျော်အပါးလိုက်စားမိလို့ ရလာတဲ့ရောဂါဆိုးကြောင့်
အဖိုးတန်တဲ့လူ့ဘဝ ပျက်ဆီးသွားမှာကို
ကျွန်တော်တို့ မလိုလားပါဘူး။
- ဘူတာဆုံးရင် လမ်းခွဲကြရမယ့်
ချစ်လှစွာသော ဇနီး၊သားသမီးတို့အပေါ်ထားတဲ့
သံယောဇဉ်ကြောင့် အပါယ်ဘဝ ရောက်ရမှာကို
ကျွန်တော်တို့ မလိုလားပါဘူး။
(အသက်ရှည်ရှည်၊ကျန်းကျန်းမာမာ နဲ့
အသေမဦးခင် ဉာဏ်ဦးဖို့ကိုပဲ လိုလားပါတယ်။)